Sunday, September 4, 2011

ရဲချုပ်အသစ် ခန့်တော့မယ်

ဒုဝန်ကြီးချုပ် ချလမ်းယုဘမ်ရွမ်း အဆိုအရ အမျိုးသားရဲချုပ် ၀ိချီယန်ဖိုထဲ့ဖော့စ်ရီးဟာ တပတ်အတွင်း သူ့ရာထူးက ဖယ်ပေးရနိုင်တယ်လို့ သိရပါတယ်။
“နေရာမှန်လူမှန် ထားဖို့” အတွက် အမျိုးသားရဲတပ်ဖွဲ့မှာ ထိန်းညှိရတာတချို့ လုပ်ရမှာဖြစ်တယ်။ လို့ ဘုရင့်ရဲတပ်ဖွဲ့ကို ကြီးကြပ်နေရတဲ့ ရဲဗိုလ်ကြီး ချလမ်းက ပြောပါတယ်။ “ ရဲဗိုလ်ချုပ်ကြီး ၀ိချိယန်ဟာ ရဲချုပ်လုပ်နေတာ တနှစ်နီးပါး ရှိနေ ပါပြီ၊ ဒါပေမဲ့ အခု တတိုင်းပြည်လုံးမှာ လောင်းကစားရုံတွေချည်းပဲ” လို့ သူက ပြောပါတယ်။ ရဲဗိုလ်ချုပ်ကြီး ၀ိချိယန်ဟာ ၂၀၁၀ခုနှစ် စက်တင်ဘာလကတည်းက ရဲချုပ်ဖြစ်ခဲ့တာပါ။
နေရာတကာမှာ လောင်းကစားရုံတွေ၊ မြင်းပြိုင်ပွဲလောင်းတဲ့စက်တွေ ရှိပြီး စက်တလုံးအတွက် ရဲကို ဘတ် ၅၀,၀၀၀ လာဘ်ထိုးရတယ်။ တချို့လောင်းကစားရုံတွေက လောင်းကစားပစ္စည်းတွေကို ဟောင်ကောင်၊ မက္ကာအိုနဲ့တောင်ကိုရီး ယားက တင်သွင်းကြတယ်။ ဒီတော့ ရဲတွေက လာဘ်လာဘတွေ အများအပြားရကြတယ်။ ရဲတပ်ဖွဲ့ထဲကလူတွေက ဒါကို ကောင်းကာင်းသိကြတယ်။ လို့ သူက စွပ်စွဲပြောဆိုပါတယ်။ လောင်းကစားပြဿနာတွေက ရဲဗိုလ်ချုပ်ကြီး ၀ိချိ ယန်ရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့်ဖြစ်တာလို့ မပြောပေမဲ့လည်း တယောက်ယောက်က တာဝန်ယူရမယ်ဆိုတာကို တော့ ရဲဗိုလ်ကြီး ချလမ်က ပြောပါတယ်။ “ ကာဆီနိုလောင်းကစားဝိုင်းကြီးတွေ ဘန်ကောက်မြို့လည်ခေါင်မှာ ဖွင့်နေ တာ ကို ထိပ်တန်းရဲအရာရှိကြီးတွေ မသိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။

ရဲချုပ်သစ်ကို ၇ ရက်အတွင်း တွေ့မြင်ရနိုင်တယ်လို့ သူက ထပ်ပြောပါတယ်။ နောက်ရဲချုပ်အသစ်ဖြစ်ဖို့ အရည်အချင်း ရှိတဲ့ အကြီးတန်းရဲအရာရှိတွေထဲမှာ ထပ်စင်မိန်းမဟောင်း ဖို့ကျမန်းနဖုံဘေခ်ျရာ ရဲ့အစ်ကို ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဖရီဖန်ဒမ်မာဖောင် အပါ အတော်များများ ရှိပါတယ်။ နောက်တယောက်ကတော့ ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး ဖနုဖောင် ဆင်းဟာနအယုဒ္ဓယ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ ရဲချုပ်သစ်ကို နောက်ဆုံးအတည်ပြုရွေးချယ်ရေးအတွက် ရဲဗိုလ်ကြီး ချလမ် ကို ခွင့်ပြုချက်ပေးပြီးသား။ လို့ ၀န်ကြီးချုပ် ယင်လပ်က တနေ့က အတည်ပြုပြောဆိုပါတယ်။ ဒီကိစ္စကို ချလမ်တယောက်ပဲ ကိုင်တွယ် ဖြေရှင်းမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
“အမျိုးသားရဲချုပ်ရာထူးဟာ နိုင်ငံရေး အဆင့်နေရာမျိုး မဖြစ်သင့်ပါဘူး၊ ဒီရာထူးမှာတာဝန်ထမ်းဆောင်မယ့် အရာရှိကို အစိုးရအဖွဲ့ပြောင်းသလို မပြောင်းသင့်ပါဘူး” လို့ ဒီမိုကရက်ပါတီခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝက ပြောပါတယ်။
သြဂုတ် ၃၁၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments: