Friday, September 9, 2011

အစိုးရသစ်ကို အယုံအကြည်မရှိသော နယ်ခြားစောင့်တပ်(၃၀) ဒီကေဘီအေနဲ့ပြန်လည်ပူးပေါင်း

နယ်ခြားစောင့်တပ်(BGF)သို့ အသွင်ကူးပြောင်းကုန်ပြီး ဒီကေဘီအေဆိုတာ မရှိတော့ကြောင်း
လျှာအရိုးမရှိတိုင်း စစ်ဘောင်းဘီချွတ် အရပ်သားအယောင်ဆောင် သိန်းစိန်အစိုးရသစ် ထုတ်
ဖေါ်ပြောကြားနေချိန်မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ BGF တပ်ဖွဲ့ဝင်  အယောက်
(၃၀)ဟာ အဲဒီဒေသတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေ ဗိုလ်မှူးစောဘိထံ  လာရောက်
ပူးပေါင်းသွားတယ်လို့ သတင်းရရှိပါတယ်။

ကရင်အမျိုးသား  အစည်းအရုံး(KNU)  တပ်မဟာ(၇)မှူး     ဗိုလ်မှူးချုပ် စောဂျော်နီက-
“ဒီနေ့မနက်မှာ ဗိုလ်ဘိဆီကို BGFတပ်ဖွဲ့ဝင် အယောက် ၃၀ မြိုင်ကြီးငူကနေ ဗိုလ်ဘိဆီ
ပြန်လာတယ်လို့ သိရတယ်။ လက်နက်အလက် ၃၀ပါတယ်။ လက်နက်အမျိုးအစားတော့
မသိသေးဘူး။ ဗိုလ်စိုးနိုင် လူ၁၅ယောက်နဲ့ ကျန်တဲ့ လူတွေက ဗိုလ်မောင်ချစ်ရဲ့ လူတွေဖြစ်
တယ်။”လို့ အတည်ပြု ပြော ကြားသွားပါတယ်။

ဗိုလ်မှူး စိုးနိုင်ဟာ နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်ပြီး
ဗိုလ်မှူးမောင်ချစ်ကမူ နယ်ခြားစောင့်တပ် (၁၀၁၄)တပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်ကြောင်း
လည်းသိရပါတယ်။

ဒီလို ပြန်လာပူးပေါင်းသူတွေဟာ အစိုးရစစ်တပ်ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်မှာ ဆက်လက်ပြီး
တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာကြာင့် ယခုလိုဒီကေဘီအေတပ်ဖွဲ့ နဲ့  ပြန်လာ ပူးပေါင်း ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဂျော်နီက ပြောပါတယ်။

အင်အား  ၁,၀၀၀ကျော်ရှိ  ဗိုလ်မှူးစောဘိ ဦးစီးတဲ့  DKBA  တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လက နယ်ခြား စောင့်တပ်မှခွဲထွက်ကာ ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်ပြီး ကရင်အမျိုးသား
လွတ်မြောက် ရေး တပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကို ပြန်လည်
ခုခံ တော်လှန်ကာ ယခုအချိန်တွင် KNU တပ်မဟာ(၁)နှင့် (၅)၊ (၇)တွင် လှုပ်ရှားလျှက်ရှိကြောင်း
လည်း သိရပါတယ်။

No comments: