Saturday, September 10, 2011

သူတို့လည်း ပြန်ကြမှာလား (ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ)

Saturday, September 10, 2011

သူတို့လည်း ပြန်ကြမှာလား 
(သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ)
မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၁

မေး ။ ။ ခုတလော သီးလေးသီးအဖွဲ့ ပြည်တော်ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာကို မေးချင်လို့ပါ။
ကြယ်သီး ။ ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဖို့ အစီစဉ်မရှိသေးပါဘူး။

မေး ။ ။ သီးလေးသီးအဖွဲ့သားတချို့တော့ ပြန်မယ်ဆိုတာ ဟုတ်လားခင်ဗျ။
ကြယ်သီး ။ ။ အဲဒီအတွက်တော့ အတိအကျ မသိဘူးခင်ဗျ။ ပြောသံတွေ ကြားတာတော့ အစုံပဲ။

မေး ။ ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည် မပြန်သေးဘူးဆိုတော့ ဘယ်လိုအကြောင်းကြောင့် မပြန် သေးတာလဲ။
ပန်းသီး ။ ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ မလွတ် မြောက်သေးပါဘူး။ အဲ့ဒီတော့ ကျနော်တို့အနေနဲ့ သူတို့တွေ လွတ်မြောက်တာကို လိုချင်၊ တွေ့ချင်ပါတယ်။ ဒု တိယအချက်က တိကျတဲ့ ဥပဒေတွေလည်း မထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဖို့ကိစ္စကို မစဉ်းစား သေးတာပါ။ ပြန်သင့်တဲ့တနေ့ကျရင်တော့ ပြန်မှာပေါ့ဗျာ။

မေး ။ ။ တကယ်လို့ အတူတွဲလုပ်ခဲ့တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေ ပြန်မယ်ဆိုရင်ကော ဘာ များပြောချင်ပါသလဲ။
ပန်းသီး ။ ။ ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ခံယူချက်နဲ့ကိုယ် လုပ်နေကြတာလေ။ ပြီးတော့ ရန်သူတွေလည်း မဟုတ်ခဲ့ကြတော့။ ဘယ်သူ မှန်တယ်၊ မှားတယ်ဆိုတာ ပြောဖို့မရှိသလို ကန့်ကွက်ဖို့လည်း မရှိပါဘူး။ သူတို့ လည်း သူတို့လျှောက်မယ့်လမ်း လွတ်လပ်စွာ ရွေးကြတယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများပြောစရာရှိသေးလဲ။
ကြယ်သီး ။ ။ ဟုတ်ကဲ့ သီးလေးသီးအဖွဲ့ကြီး မြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သ ဘော ကိုယ်ဆန္ဒနဲ့ တချို့ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို သီးလေးသီးအဖွဲ့ကြီး ပြန်တယ်လို့တော့ ပြောလို့မရပါဘူး။

မေး ။ ။ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။
ကြယ်သီး ။ ။ ကျနော်တို့တွေ မိဝေး၊ ဖဝေး စားဝတ်နေရေး အခက်အခဲမျိုးစုံကြားကနေ အနုပညာလမ်း ကြောင်းကို ရှိတဲ့ အင်အား၊ ရှိတဲ့ ခွန်အားတွေနဲ့ ကြိုးစားပြီး ရိုးသားစွာနဲ့ ဆက်လက်လျှောက်လှမ်းသွားမှာပါ။

မေး ။ ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ။
ပန်းသီး ။ ။ အစ်ကိုဆရာ အမြန်ဆုံး လွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည် ပြန်ရောက်တဲ့နေ့ မင်္ဂလာဒုံ လေယာဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့ မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင် ပါတယ်ဗျာ။ ။

No comments: