Sunday, August 28, 2011

ဗိုလ်ချုပ်ထိန်မောင်ရဲ့ လေးစားဖွယ် ကောင်းတဲ့ လုပ်ဆောင်ချက် (ကရင့်အာဇာနည်နေ့)

ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA ငြိမ်းကောင်စီက မြန်မာစစ် အစိုးရ စစ်တပ်နဲ့ ၂၀၀၇ခုနှစ် ကတည်းက အပစ်အခတ် ရပ်ဆိုင်းသွား ခဲ့သော်လည်း မြန်မာစစ်တပ်နဲ့ အပစ်ရပ်နေစဉ် အတွင်း ခေါင်းဆောင်ကြီး စောဘဦးကြိးရဲ့ မူ၎ချက်ကို ဆုတ်ကိုင်ကြောင်း နှစ်စဉ်နှစ်တိုင်း ကရင့်အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခြင်းဖြင့် သက်သေပြလျှက်ရှိတယ်။ အခြေအနေအမျိုးမျိုးကြောင့် မိခင် ကေအဲန်ယူကနေ ခွဲထွက်ပြီး မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တဲ့ အဖွဲ့ ပေါင်း မြောက်များစွာ ရှိပါတယ်။ ခွဲထွက် သွားခဲ့သူတွေ အားလုံး လိုလိုပင် ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ၎ချက်ကို စွဲကိုင်ထားကြတယ်လို့ ပြောဆိုခဲ့ ကြသော်လည်း စောဘဦးကြီး အသက်ပေး သွားခဲ့တဲ့နေ့ (ကရင့် အာဇာ နည်နေ့) အောက်မေ့ဖွယ် အခမ်းအနား ကိုတော့ ပေါ်ပေါ်ထင်ထင် ကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်း မှတ်ရာတွေ မတွေ့ရ သလောက်ပင် ရှိပါတယ်။ ယခုလို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLAငြိမ်းကောင်စီရဲ့ မမေ့သင့် မမေ့ထိုက်တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် တခမ်းတနားနဲ့ ပြုလုပ်သွား တာကိုတော့ အလွန်ပဲ လေးစားဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက် တခု ဖြစ်သလို ထောက်ခံ အားပေးရမယ့် လုပ်ဆောင်ချက် တခုလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကတော့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်အပြီး ၃ကြိမ်မြောက် ပြုလုပ်သွားခဲ့တဲ့ ကရင့် အာဇာနည်နေ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။

No comments: