Friday, September 2, 2011

ဗမာ့တပ်မတော် ကရင်ရွားသားကို သတ်

သြဂုတ်လ ၂၂ ရက်နေ့ တွင် ဗမာ့တပ်မတော် ခြေမြန်တပ်ရင်း ၅၅၅ တိုင်းရင်းမှူး မင်းဦး ဦးစီးတပ်ဖွဲ့ သည် တနင်္သာရီတိုင်းရှိ ထီးတယ်ထာဒေသ လယ်မူလားမြို့ နယ် ပလောခရိုင်တွင် ရွားသားနှစ်ဦးကို အကြောင်းမဲ့ သတ်ပစ်လိုက်ကြောင်း ကွယ်ကလူ ကရင်သတင်းစဉ် ( http://www.kwekalu.net/update/2%20lml%20villagers%20killed.html) တွင်ဖေါ်ပြထားပါသည်။ အဆိုပါ အသတ်ခံရသော ရွာသားများမှာ စောကော်လယ် (၃၀နှစ်) နှင့် စောကြာခယ်(၃၇နှစ်)တို့ ဖြစ်သည်။

သိန်းစိန်အစိုးရသည် ငြိမ်းချမ်းရေးစကားများကို လူကြားကောင်းအောင် ပြောဆိုနေသော်လည်းပဲ တကယ့်လက်တွေ့ တွင် ဗမာ့တပ်မတော်သားများ ကျေးလက်ကရင်ဒေသများတွင် ရွားသားများကို လစ်ရင်လစ်သလို ခိုးသတ်နေသည်ကို စုံစမ်းသိရှိရပါသည်။ လွန်ခဲ့သည့်လများတွင်လည်း သံတောင်ကြီးဒေသမှ ဒဲကား(မဲသင်္ခာလေး) ရွာသားနှစ်ဦးအား အကြောင်းမဲ့သတ်ပစ်ကြောင်းကို ကေအိုင်စီသတင်းတွင်ပါရှိပါသည်။

No comments: