Wednesday, August 31, 2011

ကရင့်ဝတ်စုံတွေပျောက်ကွယ်ပြီး ဗမာ့ယဉ်ကျေးမှုဖြစ်သွားနိုင်တဲ့ အခြေအနေကြောင့် မမေသက်နှင်းမှာ ဘယ်လောက်တာဝန်ကြီးတယ်ဆိုတာ ပြန်လည် ဆန်းစစ်စေချင်

ကရင်အမျိုသားများသတ်ယုံမဟုတ်ကရင်ယဉ်ကျေးမှု့တွေကိုတဖြေးဖြေးကွယ်ပျောက်အောင်။စစ်အစိုးရ၏

လူမျိုးစုတွေကိုအနိုင်ကျင့်မ၀န­ိုင်သေးလို့ ကရင့်ရိုးရာကိုပါဖျက်ဆီးပြစ်ချ­င်သေးတယ် မင်းတို့ ဘယ်လိုလုပ်လုပ် ကရင်တွေဘယ်တော့မှမပျောက်နိုင်ဘူ­းဆိုတာမြဲမြဲမှတ်ထားကြပါ ခွင့်လွှတ်ပါသည် သို့ သော်မေ့ကားမမေ့ပေါ့

တီထွင်သူကအစိုးရကော်လံဖါးပေါ့၊မင်းတော့ကြီးပွါးမည်။စိတ်မရှိနှင့်နော်ခဏတာပေါ့

ဒါဟာ နဂိုရှိပြီးသား ကရင့်ယဉ်ကျေးမှုကို ဗမာ့ယဉ်ကျေးမှုထဲ အတင်းအဓမ္မဆွဲထည့်တာပဲလို့ ပြောလို့ရပါတယ်။

ကရင့်နောက်ခံသမိုင်းကြောင်း ရေရေရာရာမသိပဲ လုပ်ချင်ရာလုပ်နေတဲ့ ဒီဇိုင်နာ မသက်နှင်းအေးကို ပြောချင်တာကတော့ တီထွင်ပါ ဆန်းသစ်ပါ ။ ကရင့်ဝတ်စုံမှာ

ကရင့်ရိုးရာအငွေ့အသက်ပါရုံလောက်­နဲ့ အပေါ်ပိုင်း ဗမာ့ရင်ဖုံး ဖုံးလွမ်းသွားတာကိုတော့

ဘယ်လိုမှ လက်ခံလို့မရဘူး။

ကရင့်ဝတ်စုံတွေပျောက်ကွယ်ပြီး ဗမာ့ယဉ်ကျေးမှုဖြစ်သွားနိုင်တဲ့ အခြေအနေကြောင့်

မမေသက်နှင်းမှာ ဘယ်လောက်တာဝန်ကြီးတယ်ဆိုတာ ပြန်လည် ဆန်းစစ်စေချင်ပါတယ်။

ဒီလိုပြောလိုက်လို့ ခင်ဗျားတို့အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ကျဉ်းမြောင်းသေးသိမ်တဲ့ အဆိုးမြင်ဝါဒီသမားလို့ ပြောပါလိမ့်မယ်။ ကျုပ်တို့အနေနဲ့က ကရင့်အမျိုးသားယဉ်ကျေးမှု

ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက­်က သမိုင်းပေးတာဝန်တစ်ရပ်ပါပဲ။

ဆန်းသစ်တီထွင်တာကို လက်ခံလို့ရပေမဲ့ အခုလို ဖါးတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်အောင် ကရင့်ရိုးရာဝတ်စုံကို ဖျက်ဆီးတာကိုတော့ ခြွင်းချက်မရှိ ရှုတ်ချပါတယ်။


No comments: