Tuesday, August 30, 2011

ကလေးတစ်ယောက် အရွယ်အစားရှိသော ဖားကြီး




အသက် ၇ နှစ် (သို့) ၈ နှစ် အရွယ် ကလေး တစ်ယောက်ရဲ့ အလေးချိန် နဲ့ ညီမျှတဲ့ ဖားကြီးတစ်ကောင် ကို
မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ်မှာ ဖမ်းမိခဲ့ပါတယ်။
ကီလိုဂရမ် ၂၀ ရှိပါသတဲ့။

ဒီရဲ့ ဧရာမ ကုန်းနေ ရေနေသတ္တဝါ ဖားကြီးကို Orang asli လို့ ခေါ်တဲ့ လူနည်းစု တိုင်းရင်းသားမျိုးနွယ်ဝင်တစ်ဦးက ဖမ်းခဲ့တာပါ။



Gemencheh တောင်တန်းဒေသမှာ ဖမ်းမိတဲ့ ဒီဖားကြီးကို တယ်လီဖုန်းကင်မရာကိုင်သူတယောက်က အထက်ပါပုံအတိုင်း မှတ်တမ်းတင်ထားပါတယ်။

မလေးငွေ RM 500 (US 167) ပေးပြီး ၀ယ်ပေမယ့် ဖားဖမ်းသူက RM 1000 (US 335 ) ရမှ ရောင်းနိုင်မယ်လို့ ဆိုပါတယ်။

အိမ်ပြန်ပြီး ပိုက်ဆံ သွားယူပြီး ပြန်အရောက်မှာတော့ ဒီဖားကြီး ဟင်းအိုးထဲ ရောက်နေတာကို ဝမ်းနည်းစွာ တွေ့မြင်ခဲ့ရပါတယ် တဲ့။

ဖားကြီးကို စားသောက်ခဲ့ကြသူတွေ နာမကျန်းဖြစ်ကြကြောင်း နောက်ဆက်တွဲ ကြားသိရပါတယ်။

No comments: