Tuesday, August 30, 2011

ဖွင့်​မရခဲ့​သည့်​ အင်တာနက်ဝက်ဘ်ဆိုက်အချို့​ ဖွင့်​၍ရလာ

Published on August 29, 2011

ရန်ကုန်နဲ့ ​ မန္တ​လေး​မှာ အရင်ကဖွင့်​မရတဲ့​ အင်တာနက်ဝက်ဘ်ဆိုက်​တွေကို အခုရက်ပိုင်း​မှာ ဖွင့်​လို့​ရလာတယ်လို့​ အင်တာနက်သုံး​နေသူ​တွေက ​ပြောပါတယ်။

ရန်ကုန်မှာ ဗွီဒီယိုရုပ်သံမှတ်တမ်း​တွေကို ကြည့်​လို့​ရတဲ့​ Youtube လည်း​ ဖွင့်​လို့​ရ ပြီလို့​ ရန်ကုန်က အင်တာနက်သုံး​စွဲသူတဦး​က ​ပြောပါတယ်။

“အင်တာနက် ​ကောင်း​တာ​တော့​ မဟုတ်ပါဘူး​။ ​ရွှေဝါ​ရောင်​နောက်ပိုင်း​မှာ ပိတ်ထား​တဲ့​ဟာ​တွေ ပြန်ပွင့်​လာတာ။ ဟိုတုန်း​က ဘ​လော့​ဂ်ကဏ္ဍက ပိတ်ထား​တယ်။ အခု အား​လုံး​ပြန်ဖွင့်​လို့​ရတယ်။ Youtube ရ​ပေမယ့်​ ကွန်နက်ရှင်​နှေး​နေ​တော့​ အဆင်မ​ပြေပါဘူး​။ သီချင်း​တပုဒ်ကြည့်​မယ်ဆိုရင်​တောင် ​တော်​တော်အချိန်​ပေး​စောင့်​ရတယ်။ ဟိုတုန်း​က ရံဖန်ရံခါ ပွင့်​တုန်း​က​တော့​ အကုန်လုံး​ပွင့်​ထား​တယ်။ ပိတ်ထား​တဲ့​ဆိုဒ်​တွေ မရှိဘူး​။ အကုန်လုံး​ပေး​ထား​တယ်။ ဆာဗာ​ပြောင်း​တဲ့​အခါ​တွေကျရင် အခုက တမင်ပဲ ဖွင့်​ပေး​တာလား​ မသိဘူး​။ အကုန်လုံး​မပွင့်​ဘဲ တချို့​ဆိုက်​တွေပဲ ပွင့်​တာဆို​တော့​ တမင်ပဲဖွင့်​လား​၊​ database မှာ တခုခုလွဲ​ချော်လို့​ပဲလား​ ​သေချာ​တော့​မသိ​သေး​ဘူး​။”

မန္တ​လေး​က အင်တာနက်သုံး​စွဲသူတဦး​ကလည်း​ “ကျ​နော်က WiMax ​ကော်နက် ရှင်က မဇ္ဖျိမရတယ်။ ဧရာဝတီရတယ်။ ​နောက် youtube ရတယ်။ BBC world ရတယ်။ ဘီဘီစီမြန်မာဆိုက်က​တော့​ မရ​တော့​ဘူး​။ ဗွီအို​အေ မရဘူး​။ စီအန်အန်မရဘူး​” လို့​ ​ပြောပါ တယ်။

အင်တာနက်မြန်နှုန်း​တော့​ တက်မလာဘူး​လို့​ ဆိုပါတယ်။

“မြန်တာ​တော့​ မမြန်ဘူး​။ youtube က audio file ​လောက်ပဲ​ကောင်း​တယ်။ video file ကျရင်​တော့​ ​တော်​တော်​စောင့်​ရတယ်။ WiMax ရုံး​ကို​မေး​တော့​ အင်တာနက် အတွက် လိုင်း​ကြီး​တွေ ​ပြောင်း​နေတယ်လို့​ပြောတယ်။ ရတနာပုံဆိုက်က လုပ်တဲ့​ဟာ​တွေ မပြီး​မချင်း​ မ​ပြောနိုင်​သေး​ဘူး​။”

အင်တာနက် ဆာဗာကို ပြုပြင်ထိန်း​သိမ်း​ရေး​ လုပ်​နေတုန်း​ ခုလို ဝက်ဘ်ဆိုက် တချို့​ ပွင့်​လာတာ ဖြစ်နိုင်တယ်လို့​လည်း​ ဆိုပါတယ်။

“တချို့​ဘ​ လော့​ဂ်​တွေ​တွေ့​တော့​ စာ​တွေကသာ ​ပေါ်တာ access denied ဖြစ်​နေတုန်း​ပဲ။ Security Protocol ​တွေ အလုပ်​ကောင်း​ကောင်း​ မလုပ်တာမျိုး​ ဖြစ်နိုင်တယ်။”

ဝက်ဘ်ဆိုက်​တွေ ဖွင့်​လို့​ရလာတယ်လို့​ ဆိုသူ​တွေဟာ ရတနာပုံတယ်လီပို့​က အင်တာနက် ရယူသုံး​နေကြသူ​တွေချည်း​ဖြစ်ပါတယ်။

ပြည်တွင်း​မှာ အင်တာနက်သုံး​သူ​တွေဟာ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​နဲ့​ ဖက်စပ်​ဆောင်ရွက်​နေတဲ့​ ရတနာပုံတယ်လီပို့​က ရယူသုံး​စွဲကြရတာဖြစ်ပါတယ်။

ဖွင့်​မရဖူး​ တဲ့​ ဝက်ဘ်ဆိုက်​တွေ ခဏတဖြုတ်ပွင့်​လာတာမျိုး​ အရင်ကလည်း​ဖြစ်ဖူး​ပြီး​ အထူး​သဖြင့်​ ဆာဗာပြုပြင်ထိန်း​သိမ်း​ရေး​လုပ်တဲ့​အခါမျိုး​တွေမှာဖြစ်တတ်​ကြောင်း​၊​ ခုလည်း​ အဲဒီလိုပဲဖြစ်နိုင်​ကြောင်း​ အင်တာနက်ကုမ္ပဏီတခုက ကျွမ်း​ကျင်သူတဦး​က ​ပြောပါတယ်။

ခုလအတွင်း​ အစိုး​ရအဖွဲ့​ရဲ့​ ပထမအကြိမ် သတင်း​စာရှင်း​လင်း​ပွဲမှာ အင်တာနက် ဝက်ဘ်ဆိုက်​တွေ လွတ်လွတ်လပ်လပ် အသုံး​ပြုခွင့်​ပေး​နိုင်မလား​လို့​ သတင်း​ထောက် တဦး​ရဲ့​ ​မေး​မြန်း​ချက်ကို ဆက်သွယ်​ရေး​က တာဝန်ရှိသူ မလာဘူး​လို့​ဆိုပြီး​ ပြန်လည်​ဖြေ ကြား​ခြင်း​မပြုပါဘူး​။

မြန်မာနိုင်ငံဟာ အင်တာနက်သုံး​သူ ​လေး​သိန်း​လောက်ရှိပြီး​ အာဆီယံအဖွဲ့​ဝင် နိုင်ငံ​တွေထဲမှာ အနည်း​ဆုံး​နိုင်ငံဖြစ်ပါတယ်။

No comments: