Wednesday, August 3, 2011

ဗဟန်း (၃) လမ်းကရေမြောင်းထဲ ကျသွားတဲ့ ကလေးကိုရှာနေကျစဉ်

၀၁၁-ဇူလိုင်လ ၂၇ နေ့ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဗဟန်း (၃) လမ်းက ရေမြောင်းထဲကို ၄တန်းကျောင်းသူလေးတစ်ယောက်မျှော​ပါပျောက်ဆုံးသွား တာကို ကြက်ခြေနီ၊စည်ပင်၊ရပ်မိရပ်ဖများ​နှင့်ပတ်ဝန်ကျင်မှလူများက ရှာဖွေနေကြစဉ်

၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနုတ်မြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံး … (နောက်ဆက်တွဲ)

နောက်ဆုံးရရှိသော သတင်းများအရ ရေနုတ်မြောင်းအတိုင်း မျောပါသွားသော မိန်းကလေးမှာ ရေစီးအတိုင်း နှစ်မိုင်ခန့် မျှောပါသွားပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဝန်ထမ်းအိမ်ယာ ရေနုတ်မြောင်းအတွင်း၌ ဇူလိုင်လ ၂၇ ရက် ည ဂ နာရီ ၁၅ မိနစ်ခန့်က အသက်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း ယင်းဝန်ထမ်းအိမ်ယာတွင် နေထိုင်သူများက ပြောကြားသည်။
ညဘက် ကင်းလှည့်တဲ့ ဝန်ထမ်းတွေက စတွေ့ပြီး ကယ်ဆယ်ရေးတွေကို အကြောင်းကြားလိုက်တာ ဟု ယင်းအိမ်ယာနေ ဒေါ်မိစန်းက ဆိုသည်။

No comments: