Wednesday, August 3, 2011

ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး နုတ်ထွက်

အစိုးရသစ် ဖြစ်ပေါ်ပြီး ရက်ပေါင်း ၁၂၀ ခန့်အတွင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး နုတ်ထွက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ နုတ်ထွက်ခြင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများအကြား ပထမဆုံးအကြိမ် နုတ်ထွက်ခြင်းလည်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မိမိသဘော ဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်း
ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က သြဂုတ်လ ၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြေညာခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ တဖြစ်လည်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက “ ဘာကြောင့်ဆိုတာတော့ ကျနော် မသိရဘူး။ ” ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

ဦးသောင်းရွှေသည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။ ဖေဖော်ဝါရီလ ၁၄ ရက် ပထမအကြိမ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က ဝန်ကြီးခန့်အပ်ရန် အဆိုပြုခံရကာ စီးပွားရေးဝန်ကြီး
ဖြစ်လာခဲ့သည်။

ယင်းနောက် သမ္မတအမိန့်ဖြင့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်
ပေးအပ်ခံရသူ ဖြစ်သည်။

No comments: