Tuesday, August 2, 2011

ကွန်ဂရက်မှာ အမေရိကန်အစိုးရ မဲအသာရ

us_congress

အမေရိကန် ကွန်ဂရက် မဲခွဲ အစည်းအဝေး

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အမေရိကန် အစိုးရနဲ့ ပါတီခေါင်းဆောင် တွေ အကြားမှာ အစိုးရ အနေနဲ့ အကြွေးယူနိုင်ခွင့် ပမာဏ တိုးမြှင့်ပေးရေး ကို မဲပေး ဆုံးဖြတ် ကြတာ ပါ။ အခု မဲ အနိုင် ရခဲ့လို့ ဆီးနိတ် လွှတ်တော်ဆီ တင်ကြမှာပါ။

ဝါရှင်တန် ရှိ ဒီမိုကရက်တစ် ပါတီ နဲ့ ရီပတ်ဗလီကန် ပါတီ ခေါင်းဆောင် တွေဟာ အကြွေး ယူခွင့် အကန့်အသတ် ကို အမေရိကန် ဒေါ်လာ ၁၄ ဒဿမ ၃ ထရီလီယံ အထိ သတ်မှတ်ဖို့ သဘောတူကြတာပါ။

ဒီမိုကရက်ပါတီ မှ ဟယ်ရီရိဒ် ကလဲ လူတိုင်းဟာ လိုချင် တာ မရပါဘူး တခုခု တော့ ပေးဆပ်ရတာပါပဲ အဲဒီအတွက် အပေးအယူ လုပ်ကြရပါတယ်၊ ၂ ဘက်စလုံး သဘောတူ ကြဖို့ ဆိုတာ မလွယ်ပေမဲ့ ဒါကို ရအောင် ကြိုးစား လုပ်ယူ ရတာပါ လို့ ပြောသွားတာပါ။

ဒါကြောင်မို့ အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံမဲ ၂၆၉ မဲ၊ ကန့်ကွက်မဲ ၁၆၁ မဲ အရ အနိုင်ရခဲ့ ပြီ ဖြစ်လို့ ကနေ့ အင်္ဂါနေ့ ကျရင် အပြီးသတ် ခွင့်ပြုမိန့် ကျဖို့ ဆီးနိတ် လွှတ်တော် ကို မဲရလဒ် ပေးပို့ လိုက်ပါပြီ။

No comments: