Tuesday, August 2, 2011

ကချင်ဘာသာရေး ခေါင်းဆောင်ကြီးများမလိုက်ချင်သော်လည်း KIO ကိုစည်းရုံးရာအတွက် အတင်းခေါ်ဆောင်သွား

အစိုးရအဖွဲ့ ဝင် ဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်ပြီး KIO အဖွဲ့ နှင့်ဆွေးနွေးရန် ထွက်ခွါသွားပြီလို့ သတင်းတွေ ထွက်နေပေမယ့် အဲဒီအဖွဲ့ တွေထဲမှာ အရေးပါတဲ့ ဘာသာရေးခေါင်းဆောင်များကို အတင်းအကျပ်လာခေါင်ဆောင်သွားတာ မီဒီယာပေါ်မှာ မရောက်လာသေးပါ။ မနေ့ ညအထိ နအဖ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကချင်နှစ်ချင်းအသင်းတော် နှင့် ကချင်ရိုမန်ကက်သလစ် ခေါင်းဆောင်ကြီး နှစ်ဦးကို မရရအောင် လာခေါ်သွားပြီး ကနေ့ မနက်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

လိုင်ဇာမှ တပ်မှူးငယ်၏ အဆိုအရ “ဒီကောင်တွေ ဘာသာရေးခေါင်းဆောင်တွေကို လာပြီးအသုံးချနေတာလေ။ ဟိုက မလိုက်ချင်ပေမယ့် သူတို့ က အတင်းလာစောင့်ပြီး ခေါ်သွားတာ။ ကချင်လူထုနဲ့  KIO ကို ပြန်ရန်တိုက်ပေးရန် ဒီကောင်တွေ စပြီး အကွက်ဖေါ်နေတယ်။ လူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်တာပဲလေ။ ငါတို့ လည်းစစ်တိုက်ချင်တာမဟုတ်ဘူး။ အလိမ်ခံရတာ များနေပြီမို့ ထတိုက်တာ။ အခုလာတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေက ဗမာစစ်တပ်ရဲ့ ကလိမ်ကကျင့် အတိမ်အနက် တွေကို အားလုံးဘယ်သိပါ့မလည်း။ အကယ်၍ ဆွေးနွေးပွဲမအောင်မြင်ရင် KIO ငြိမ်းချမ်းရေးကိုမလိုလားဘူး စစ်ကိုပဲလိုလားတယ်ဆို ပြီး ကချင်လူထုတွေက KIO ကို ပြန်ပြီး အထင်အမြင် မှားအောင် ဒီအကွက်တွေကို သူတို့ စဖေါ်နေတယ်။ ဒီနေရာမှာ နိုင်ငံရေးနားလည်သူတွေ ဖြစ်ပျက်နေတာတွေကို မြင်နိုင်စွမ်းရှိပေမယ့် သာမန်ကချင်ပြည်သူတွေက ယောင်ပြီး ပါသွားနိုင်တယ်။ အဲတာက ဗမာစစ်တပ်တွေ တိုင်းရင်းသားတွေအပေါ် အမြဲတမ်း အသုံးပြုနေတဲ့ ကလိမ်ကကျင့် ဗျူဟာတွေပဲ” ဟု ကျနော်တို့ သောသီခိုကို ပြောပါတယ်။

No comments: