Thursday, August 4, 2011

အဓမ္မလိင် ကျွန်ပြုခံနေရသူများ ဖမ်းဆီးမိသည့်အထဲ မြန်မာအမျိုးသမီး (၂၁)ဦးပါဝင်

August 3, 2011

Written by မြတ်ညို
Tuesday, 02 August 2011 00:00
20110802aဓာတ်ပုံ www.thairath.co.th

ထိုင်းနှင့် မလေးရှားနိုင်ငံ နယ်စပ်၊ ဆုံခလာခရိုင်၊ စဒေါင်မြို့ရှိ၊ ချာလီ ကာရာအိုကေဆိုင် နှစ်ဆိုင်အား ထိုင်းအထူး ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းဖမ်းဆီးမိသည့် လိင်အလုပ်သမ (၇၁)ဦးအနက် မြန်မာအမျိုးသမီး (၂၁)ဦး ပါဝင်ကြောင်း ရဲမှူးကြီးက ပြောသည်။

ဇူလိုင်လ (၃၀)ရက်နေ့က လိင်ဖျော်ဖြေရေး လုပ်ငန်းရှင် ထိုင်း(၃)ဦး၊ မလေးရှား တစ်ဦးနှင့် စင်္ကာပူလူမျိုး တစ်ဦးကိုလည်း အတူတကွ ဖမ်းဆီးခဲ့သည်။ ဖမ်းမိသည့် လိင်အလုပ်သမ (၇၁)ဦးအနက် မြန်မာ (၂၁)ဦး ပါဝင်ပြီး ကျန်(၅၀)ဦးမှာ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံသူများ ဖြစ်ကြသည်။

ဆုံခလာခရိုင် အမှတ်(၉) ရဲမှူးချုပ် ၀ီလာယွတ်စစ်ထိလိက “ဒီလူကုန်ကူးတဲ့ ဂိုဏ်းကို တစ်လအချိန်ယူပြီး လေ့လာခဲ့တယ်။ အနှိပ်ခန်းမှာ လုပ်မယ်ဆိုပြီးတော့ လိမ်လည် ဖြားယောင်းပြီး အလုပ်သမတွေကို ခေါ်တယ်။ အလိုမတူပဲ အခန်း ပိတ်လှောင်ပြီး လိင်ဖျော်ဖြေတဲ့ အလုပ်တွေ လုပ်ခိုင်းတယ်။ ပြစ်မှုထင်ရှားရင် ဒီခေါင်းဆောင် (၅)ဦးကတော့ ထောင်ဒဏ် (၁၀)နှစ်ကနေ နှစ်(၂၀)အတွင်း ကျခံရနိုင်တယ်”ဟု ရဲမှူးချုပ်က ပြောသည်။

ယခုအမှုအား လာအိုနိုင်ငံ အခြေစိုက် အန်ဂျီအိုအဖွဲ့တစ်ခုက ထိုင်းအထူး ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး (၇၁)ဦးအနက် (၂၉)ဦးက မိမိဆန္ဒဖြင့် အဆိုပါ အလုပ်ကို လာရောက်လုပ် ကိုင်ကြောင်း ထွက်ဆိုသဖြင့် စဒေါင်ရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်သည်။ အဆိုပါ (၂၉)ဦး အထဲတွင် မြန်မာ(၂၁)ဦးလုံး ပါဝင်သည်။ ရဲစခန်းအတွင်း ချုပ်နှောင်ထားသည့် လိင်အလုပ်သမ (၂၉)ဦးကိုမူ နေထိုင်ခွင့်မရှိပဲ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုဖြင့် အရေးယူပြီး ၄င်းတို့ ၀င်ရောက်လာသည့် နယ်စပ်ဒေသများသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။

လိင်အလုပ်သမအဖြစ် အဓမ္မ လုပ်ကိုင်ရကြောင်း ထွက်ဆိုသည့် လာအိုနှင့် ကမ္ဘောဒီးယား အမျိုးသမီး(၄၂)ဦးကို ဆုံခလာမြို့ အမျိုးသမီး ကယ်ဆယ်ရေး စခန်းထဲတွင် ထိန်းသိမ်း စောင့်ရှောက် ထားဆဲဖြစ်ကြောင်း ကယ်ဆယ်ရေ စခန်း တာဝန်ခံ အမျိုးသမီးကြီးက ပြောသည်။

ဆုံခလာမြို့ အမျိုးသမီး ကယ်ဆယ်ရေး စခန်းမှ တာဝန်ရှိ ထိုင်းအမျိုးသမီး ခွန်ချွန်လဒီက “ကျမတို့ဆီမှာ အမျိုးသမီး (၄၂) ယောက်ရှိတယ်။ သူတို့ ထွက်ဆိုချက်အရ လူကုန်ကူးမှု မြောက်နေတာကြောင့် ဖြစ်တယ်။ ဒီလူတွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ၊ ကာကွယ် စောင့်ရှောက်မှုတွေ ကျမတို့ ပေးထားပါတယ်”ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုများကို နိုင်ငံတကာမှ အထူး စိတ်ဝင်စား နေကြကြောင်း၊ လာဘ်ငွေယူပြီး ဖုံးဖိထားတဲ့ ဒေသခံ အာဏာပိုင်များကိုလည်း ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရဲမှူးချုပ်က ရှင်းလင်း ပြောဆို သွားသည်။

20110802bဓာ

No comments: